သံဓာတ်ဟာခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်ခုဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ပါက..
▪ နုံးချိခြင်း
▪ အားနည်းခြင်း
▪ အသားအရေဖျော့တော့ခြင်း
▪ အသက်ရှူ မဝခြင်း
▪ ခေါင်းမူးခြင်း
▪ ပုံမှန်မဟုတ်သောအာသီသများဖြစ်တဲ့ ဖုန်၊ ရေခဲ၊ ရွှံ့စားချင်စိတ်များဖြစ်ခြင်း
▪ ခြေထောက်တွင်အကောင်တက်သလို ရွစိစိခံစားရခြင်း၊ ကျင်ခြင်း
▪ လျှာထူခြင်း၊လျှာကွဲခြင်း များဖြစ်နိုင်ပါတယ်
▪ သံဓာတ်ချို့တဲ့ခြင်းတာရှည်လာပါက သွေးအားနည်းရောဂါအဖြစ်ရောက်ရှိတာ နှလုံးရောဂါထိဖြစ်နိုင်ပါတယ်။
ဒါကြောင့်ဒီလိုတွေခံစားရလာရင် သံဓာတ်ချို့တဲ့ခြင်း ရှိမရှိစစ်ဆေးသင့်ပါတယ်။
မျက်လုံးအောက်မျက်ခမ်းအတွင်းကိုကြည့်လျှင်ဖြူ ဖျော့နေခြင်း
သွေးစစ်ဆေးကြည့်ပါက သွေးနီဥ အရွယ်အစားသေးခြင်း၊ အရောင်ဖျော့ခြင်း၊ သွေးနီဥရောင်ခြယ်ဓာတ်ပမာဏလျော့နည်းခြင်း၊ သံဓာတ်များသိုလှောင်သိမ်းဆည်းပေးသော ဖယ်ရီတင်ပရိုတင်းဓာတ်နည်းခြင်း၊ စတဲ့လက္ခဏာတွေကိုတွေ့ရှိရင် သံဓာတ်ချို့တဲ့နေတာကို ညွှန်ပြပါတယ်။
သံဓာတ်ချို့တဲ့ကြောင်း သေချာပြီဆိုရင် လိုအပ်တဲ့ဖြည့်စွက်အာဟာရတွေမှီဝဲဖို့လိုသလို သံဓာတ်ချို့တဲ့ရခြင်းရဲ့ နောက်ခံအကြောင်းတွေကို ဆက်လက်ရှာဖွေကုသရမှာဖြစ်ပါတယ်။