Medical Checkup တွေပြုလုပ်ဖို့ဘာတွေပြင်ဆင်ရမလဲ

Medical Checkup တွေပြုလုပ်ဖို့ဘာတွေပြင်ဆင်ရမလဲ

!!! ကျန်းမာရေးဆေးစစ်ဖို့ သေချာသွားပြီဆိုရင် ကိုယ်ဆေးစစ်မယ့်နေ့မှာ အချိန်ကုန်သက်သာပြီး အဆင်ပြေချောမွေ့ဖို့ အနည်းဆုံးရက်ချိန်း ၁ ရက် booking ကြိုတင်ယူဖို့လိုအပ်ပါတယ်…

!!! ultra sound စစ်ဆေးဖို့ရှိရင် ဆေးမစစ်ခင် အနည်းဆုံး ၆ နာရီအတွင်း အစာမစားထားရပါဘူး… ဆီးချိုရောဂါစစ်ဆေးချင်တယ်ဆိုရင်တော့ ၈ နာရီအတွင်းအစာစားထားလို့မရတဲ့အပြင် အချိုရေများလည်း ရှောင်ပေးရပါမယ်

!!! ဆေးမစစ်ခင် အနည်းဆုံး ၁ နာရီအတွင်း ရေများများသောက်ပြီး ဆီးအောင့်ထားပေးရပါမယ်

!!! သားအိမ်ခေါင်းကင်ဆာ pap smear စစ်ဆေးလိုတဲ့ အမျိုးသမီးများအတွက် ရာသီလာပြီး ၇ ရက်အကြာမှ စစ်ဆေးသင့်ပါတယ်…မစစ်ဆေးခင် ၃ ရက်အတွင်းမှာ လိင်ကိစ္စရှောင်ကြဉ်ရမှာလည်းဖြစ်ပါတယ်

!!! လုပ်ငန်းခွင်အတွက် ဆေးစစ်ချင်တယ်ဆိုရင် အလုပ်ခွင်မှာစာ၊ မှတ်ပုံတင်၊ နိုင်ငံကူးမှတ်ပုံတင်passport တို့ကိုယူဆောင်လာပေးရပါမယ်